Saturday, October 18, 2014

***ဘ၀ပန်းချီကား***


ရှေ့ဆက်ရမယ့်လမ်းက
တစ်ဘ၀စာကျန်သေးတယ်...
အကောင်အထည်မပေါ်သေးတဲ့ဆန္ဒကိုထွေးပိုက်ရင်း...
၃၆၅ရွက်စာကြိုးစားမှုတွေနဲ့
ဆန္ဒတွေတစ်ရစ်ပြီးတစ်ရစ်ပြီးပုံဖော်ရင်း...
အရိပ်လိုလို့နေပူစောင့်လိုက်ရတဲ့
အခွင့်အလမ်းတွေကိုရှာဖွေရင်း...
အခက်အခဲလှေကားထစ်တွေပေါ်
ရဲရဲလျှောက်လှမ်းရင်း...
တစ်ခါတစ်ခါဖြစ်ပေါ်လာတဲ့
အရှုံးတွေကြားက
ကျဆင်းစိတ်ဓာတ်ကို
အပြုံးများနဲ့
ကိုယ်တိုင်အားဆေးသွင်းရင်း...
ဖော်မြူလာမရှိတဲ့
ကံကြမ္မာဇာတ်လမ်းတွေတွက်
ဘ၀တစ်ကွေ့တွေမှာ
အမှတ်တရမိုင်တိုင်တွေ
စိုက်ထူခဲ့ဖို့တွက်
အညတရတွေထဲက
အညတရတစ်ယောက်
ရှင်သန်ဖို့လိုတဲ့
အသိတွေပေါင်းသင်ပျိုးထောင်နေရတယ်...
လိုအပ်တဲ့
ခံယူချက်တွေ
နှလုံးသားမှာ
ထပ်ထပ်စိုက်ပျိုးနေရတယ်...
တစ်ချက်ဆွဲပြီး
ပြန်ပြင်မရတဲ့
ပန်းချိစုတ်ချက်တွေကြား
ကျန်တစ်ဘ၀စာ
ပန်းချီကား
အမှားနည်းပြီး
အသက်ဝင်နေဖို့
ငါ့လက်တွေနဲ့
ငါ့အသိတွေနဲ့
ငါ့ခံယူချက်တွေနဲ့
ငါ့မျှော်လင့်ချက်တွေနဲ့
ငါ့ဆန္ဒတွေနဲ့
ပုံဖော်နေရတယ်......


Snow Hninn
my own poem*67*
5.6.2014
***ဘ၀ပန်းချီကား***

No comments: