ကမ္ဘာလုံးလားပြားလား
အချေအတင်ငြင်းနေရာမှ
ကမ္ဘာကြီး...
ငါတို့မှီတင်းနေထိုင်ရာ
ကမ္ဘာကြီးနာဖျားနေပြီ.....
ကိုယ့်အတ္တကို
ရှေ့တမ်းတင်လို့
ကမ္ဘာကြီး...
ငါတို့နေထိုင်ရာ
ကမ္ဘာကြီးဒဏ်ရာတွေဗရပွဖြစ်နေပြီ...
ကုကြမယ် ကာကွယ်ပေးမယ်လို့
တတ်နိုင်တဲ့သူတွေ
အသံကုန်ဟစ်ကြွေးနေကြပေမယ့်
ကမ္ဘာကြီး...
ငါတို့အခြေချရာ ကမ္ဘာကြီး
ရောဂါကမပျောက်လာဘဲပိုလို့သာတိုးနေပြီ...
ဘယ်လိုလဲ.....
ကမ္ဘာသူကမ္ဘာသားတို့....
အောက်ဆီဂျင်အစားထိုး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
ရှုရှိုက်ရမှ နေသာထိုင်သာရှိကြတာလား...
ဘယ်လိုလဲ.....
ကမ္ဘာသူကမ္ဘာသားတို့....
ခြုံလွှာအိုဇုန်း ခေတ်ကိုလိုက်ပြီး
ဟိုကွက်ကွက် ဒီကွက်ကွက်ဖော်ဒီဇိုင်းကို
အလန်းဇယားဖောက်ပြီး မက်မောနေကြတာလား....
ဘယ်လိုလဲ....
ကမ္ဘာသူကမ္ဘာသားတို့...
ကမ္ဘာ့သွင်ပြင်ထင်သာစေသည့်
စိမ်းရောင်ဖန့်ဖန့်
သက်တန့်ရောင်ဆင်
သစ်ပင်မာလာမျိုးပေါင်းစုံကို
နောင်အနာဂတ် ကမာ့္ဘရွာမှာ
ပြတိုက်ပစ္စည်း ဖြစ်အောင်လို့များဖန်တီးနေကြတာလား......
ဘယ်လိုလဲ...
ကမ္ဘာသူကမ္ဘာသားတို့...
ညည်းသံတိုးတိုး နာကျင်မှု ဝေဒနာကို
ကျိတ်မှိတ်ကာခံစားနေတဲ့
ငါတို့ ဖွားရာ
ဤမြေကမ္ဘာအား
သနားသဖြင့်
ထောက်ကာချင့်ကာ
အနာဂတ်အရေး
ငါတို့အရေး
အားလုံးအရေး
အတွေးလေးဖြင့်
အားပေးလုပ်ဆောင် ကြရအောင်လား
ကမ္ဘာသူကမ္ဘာသား အပေါင်းတို့..............................
Snow Hninn
my own poem*73*
29.7.2014
***ဘယ်လိုလဲ***
No comments:
Post a Comment