*သားသမီးဆန္ဒကို
ရင်ထဲမှာပဲ
အမြဲထည့်ထားတတ်တာ
မေမေပါ......
*သားသမီးတို့
လျှောက်လှမ်းရမယ့်လမ်း
အမြဲလမ်းပြပေးတတ်တာ
မေမေပါ.....
*မေတ္တာတရား
မလျော့ပါးဘဲ
တိုး၍ချစ်တာ
မေမေပါ
ဒီလောကမှာ
အမှားအမှန်
ဝေဖန်ပိုင်းခြား
ဆုံးဖြတ်တတ်အောင်
သင်ပေးခဲ့တာ
လက်ဦးဆရာ
မေမေပါ....
*မေမေ....
လောကဓံကို
ရင်စီးခံ
အပြုံးမပျက်
ဦးဆောင်ခဲ့တာ
မေမေပါ....
မေမေ....မေမေကြောင့်
သမီးသတ္တိတွေရှိလာပါပြီ...
မေမေ.... မေမေကြောင့်
သမီးဘ၀လမ်းဖြောင့်ဖြုးနေပါပြီ....
မေမေ....မေမေကြောင့်
သမီးခွန်အားတွေ
အားမာန်တွေ
တက်ကြွမှုတွေရှိလာတာကြောင့်
မေမေ့ကိုတဖန်
တကျော့ တလှည့်
ကျေးဇူးဆပ်ခွင့်ပေးပါ
မေမေ........................
ယနေ့ကျရောက်သောအမေများနေ့ကိုဂုဏ်ပြုလျက်
နှင်းရဲ့မေမေကို ဒီကဗျာလေးနဲ့ကန်တော့ပါရစေ............မေမေ...
Snow Hninn
11.5.2014
my own poem*65*
***ချစ်သောမေမေ***
No comments:
Post a Comment