အလွမ်းဆိုတာ
အတွေးတို့
နှလုံးသားတပြင်လုံး
ဖြန့်ကျက်ခင်းရင်း
အတိတ်ရဲ့အငွေ့အသက်ကို
နမ်းရှိုက်လို့အားမရ
နမ်းရှိုက်လို့မ၀…..
အလွမ်းဆိုတာ
ချစ်သူရဲ့သွင်ပြင်
ကိုယ့်အပါးမှာ
လူးလားဝဲပျံနေသယောင်
ထင်ယောင်မှတ်ရင်း
ပျော်ရွှင်ဖွယ်စာမျက်နှာကို
ပြုံးမျက်နှာဆင်
အလွမ်းရိပ်တို့ထင်
ကြေကွဲဖွယ်စာမျက်နှာကို
နွမ်းလျခံစား
အလွမ်းမျက်ရည်ကြား…..
အလွမ်းဆိုတာ
ပြင်းထန်တဲ့ဝေဒနာတစ်မျိုးဆိုပေမယ့်
လိုလိုလားလားနဲ့
ခံစားချင်နေတာမျိုး…..
အလွမ်းဆိုတာ
ခံစားရတဲ့ဝေဒနာကို
ပြေပျောက်ချင်နေတဲ့ကြားက
ကျိတ်မှိတ်စွာ
တိတ်တိတ်လေး
ခံစားချင်နေတာမျိုး…..
အလွမ်းဆိုတာ
အနေဝေးပေမယ့်
နှလုံးသားချင်းနီးစေအောင်
စွမ်းဆောင်ပေးသော
ခံစားမှုမျိုး……
အလွမ်းဆိုတာ
လွမ်းရင်းနဲ့
အလွမ်းတွေ
ရစ်မူးမှန်းမသိလိုက်ပဲ
အလွမ်းတွေလွှမ်းခြုံထားသလိုမျိုး…..
အလွမ်းဆိုတာ
လွမ်းနေရင်း
လေပြေတစ်ချက်
ကိုယ့်ပါးပြင်ကို
ညင်ညင်သာသာ
ဖြတ်သန်းသွားတာကိုတောင်
ကိုယ်လွမ်းနေတဲ့သူ
ဖြတ်သွားသလားဆိုပြီး
ရှက်ကိုးရှက်ကန်းနဲ့
ပြုံးရယ်မိသလိုမျိုး…
အလွမ်းဆိုတာ
မနက်နေခြည်ဖြာလဲ…လွမ်းစရာ
ညနေဆည်းဆာကိုလဲ…လွမ်းစရာ
ည လမင်းသာလဲ…လွမ်းစရာ
ည လမသာလဲ…လွမ်းစရာ
ကြယ်တွေထိုင်ရေနေရင်းလဲ…လွမ်းစရာ
ကြယ်ကြွေရင်လဲ…လွမ်းစရာ
နွေဆိုလဲ…လွမ်းစရာ
မိုးဆိုလဲ…လွမ်းစရာ
ဆောင်းဆိုလဲ…လွမ်းစရာ
(ရာသီ ၃မျိုးမကရှိရင်လဲ ရှိရင်ရှိသလောက်…လွမ်းစရာ)
ကဗျာလေးတွေ ဖတ်မိရင်လဲ…လွမ်းစရာ
ကိုယ့်ခံစားချက်တွေ ပွင့်အန်လို့စာဖွဲ့မိလဲ…လွမ်းကဗျာ
အင်း……….
အလွမ်းအကြောင်းတွေးနေရင်း
အလွမ်းအကြောင်းရေးနေရင်း
အလွမ်းအကြောင်းပြောနေရင်း
အလွမ်း…အလွမ်း…အလွမ်း…
အလွမ်းနဲ့တောင်
လွမ်းမှန်းမသိလွမ်းလာတာမျိုးလေ….
မှတ်ချက်- အသင်စာဖတ်သူကော ဖတ်ရင်းနဲ့လွမ်းနေပြီမလား…
ဒါဆို ……..အသင် လွမ်းမိနေသူက သင်တကယ်လွမ်းနေရသူပေါ့….
Snow Hninn
my own poem*69*
24.6.2014
***အလွမ်းဆိုတာ***
No comments:
Post a Comment