Saturday, October 18, 2014

***ကဲ..ဘာကွာလဲ...***


ကြိုးနဲ့ဆွဲပြီး
လိုရာကခိုင်းတဲ့
အရင်ခေတ်က
ဘ၀နောက်ကွယ်က
ကံကြမ္မာဇာတ်ဆရာနဲ့
ပရိုဂရမ်ထည့်ပြီး
ကြိုက်သလိုစေခိုင်းတတ်တဲ့
အခုခေတ်
ဘ၀နောက်ကွယ်က
ကံကြမ္မာပရိုဂရမ်မာနဲ့
ဘာကွာလို့လဲ
ဘာမှမကွာဘူး......................ံ

သူတို့တွေက
ကြိုးကိုင်ထိန်းချုပ်ရာကနေ
ပရိုဂရမ်နဲ့ချုပ်ကိုင်မယ်
ငါတို့တွေကလည်း
ဇာတ်ဝတ်စုံပြောင်ပြောင်လက်ကနေ
သံကိုယ်ထည်နဲ့မီးရောင်စုံနဲ့
ပြိုးပြိုးပြက်နေမယ်
ဒါပဲကွာမယ်

ငါတို့တွေက
ဒီသံသရာမကျွှတ်သရွေ့
သီးစားချခံနေရဦးမှာပဲ
ကြိုးဆွဲရာကပြရဦးမှာပဲ
ဘတ္ထရီနဲ့ပရိုဂရမ်မြဲနေသရွေ့
ကြိုးနဲ့အရုပ်တွဲနေသရွေ့
အသက်နဲ့ခန္ဓာမြဲနေသရွေ့ပေါ့.....့



Snow Hninn
my own poem*54*
8.2.2014
***ကဲ...ဘာကွာလဲ...***

No comments: