သူငယ်ချင်းရေ...
အနာဂတ်ကိုတူးဖော်ဖို့
အိမ်မက်တွေကို
သိဒ္ဓိတင်ပြီး...
နေရထားတစ်လှည့်စီးရင်း
လလှေလေးတလှည့်လှော်ခတ်ကာ...
မိုးကုတ်စက်ဝိုင်းစွန်းထိ
မျှော်လင့်ချက်သက်တန့်ရောင်စုံတွေ
အိတ်ထဲအပြည့်ထည့်ကာ...
သံစဉ်ချိုဥသြရှင်
ဖော်ရွေတဲ့
နွေမင်းသမီးကို
အပြုံးလေးနဲ့လက်ပြနှုတ်ဆက်ရင်း...
စိမ်းလန်းမှုတွေနဲ့
လောကကြီးအေးချမ်းမှုကို
ဖန်တီးရှင်မိုးမင်းသမီးကို
နှစ်ခြိုက်စွာအပြုံးလေးတွေခြွေပြရင်း...
အဖြူရောင်ဆောင်းနှင်းနဲ့
တစ်မျိုးလေးလှနေတဲ့
အေးချမ်းတဲ့အသွင်ဆောင်
ဆောင်းမင်းသမီးလေးကို
ဖော်ဖော်ရွေရွေနှုတ်ခွန်းဆက်ရင်း...
အတ္တတွေကိုချန်ရစ်လို့
မာနတွေကိုခ၀ါချလို့
လောဘတွေကိုချေဖျက်လို့...
အနာဂတ်ကိုတူးဖော်ဖို့
အိမ်မက်တွေကို
သိဒ္ဓိတင်ပြီး...
နေရထားတစ်လှည့်စီးရင်း
လလှေလေးတလှည့်လှော်ခတ်ကာ...
မိုးကုတ်စက်ဝိုင်းစွန်းထိ
မျှော်လင့်ချက်သက်တန့်ရောင်စုံတွေ
အိတ်ထဲအပြည့်ထည့်ကာ...
သံစဉ်ချိုဥသြရှင်
ဖော်ရွေတဲ့
နွေမင်းသမီးကို
အပြုံးလေးနဲ့လက်ပြနှုတ်ဆက်ရင်း...
စိမ်းလန်းမှုတွေနဲ့
လောကကြီးအေးချမ်းမှုကို
ဖန်တီးရှင်မိုးမင်းသမီးကို
နှစ်ခြိုက်စွာအပြုံးလေးတွေခြွေပြရင်း...
အဖြူရောင်ဆောင်းနှင်းနဲ့
တစ်မျိုးလေးလှနေတဲ့
အေးချမ်းတဲ့အသွင်ဆောင်
ဆောင်းမင်းသမီးလေးကို
ဖော်ဖော်ရွေရွေနှုတ်ခွန်းဆက်ရင်း...
အတ္တတွေကိုချန်ရစ်လို့
မာနတွေကိုခ၀ါချလို့
လောဘတွေကိုချေဖျက်လို့...
ဆူးခင်းလမ်းပဲဖြစ်ဖြစ်
ခယောင်းလမ်းပဲဖြစ်ဖြစ်
အားမလျော့ဘဲ
အနာဂတ်ရဲ့
တမ်းတရပ်ဝန်းဆီသို့...
အနာဂတ်ရဲ့
မျှော်လင့်နန်းတော်သို့...
အနာဂတ်ရဲ့
အိမ်မက်ကမ္ဘာမြေမှ...
အိမ်မက်များ...
မျှော်လင့်ချက်များ...
တမ်းတမှုများ...
ဆန္ဒများကို
အနာဂတ်ရဲ့
တမ်းတရပ်ဝန်းဆီသို့...
အနာဂတ်ရဲ့
မျှော်လင့်နန်းတော်သို့...
အနာဂတ်ရဲ့
အိမ်မက်ကမ္ဘာမြေမှ...
အိမ်မက်များ...
မျှော်လင့်ချက်များ...
တမ်းတမှုများ...
ဆန္ဒများကို
တူတူခြွေယူဆွတ်ခူးကြပါစို့လား...
သူငယ်ချင်းတို့ရေ...
Snow Hninn
my own poem*68*
21.6.2014
***အိပ်မက်တွေဆွတ်ခူးစို့***
No comments:
Post a Comment