မဟူရာရောင်
အလင်းဖျော့ဖျော့ကြား
ကတ္ထီဘာခြုံကာထားတဲ့
အပြာရောင်
ရင်ခွင်ကျယ်ကြီး
တစ်ပြင်လုံး
စိန်ရောင်တဖိတ်ဖိတ်နဲ့
ကြယ်စင်တွေကတဲ့ည
အမှောင်ဆိုတာ
ရှိပါဦးမလား....ချစ်သူ...
လရောင်ဆမ်းတဲ့
ရင်ခွင်မှာ
ကြယ်စင်အပေါင်း
လေပြေသံစဉ်လေးနဲ့
ယိမ်းနွဲ့ကတဲ့ညဆို
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
မဟူရာရောင်
ငါ့ဘ၀အလင်းဖျော့ဖျော့ကြား
မျှော်လင့်ချက်တွေ
လမ်းပျောက်နေတဲ့
ငါ့ရင်ခွင်တစ်ခုလုံး
ကြင်နာရောင်တလက်လက်နဲ့
ချစ်သူ့ကြယ်စင်တွေကတဲ့ည
ငါ့ဘ၀တစ်ခုလုံးမှာ
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
ချစ်သူ့လရောင်
နမ်းရှိုက်မိတဲ့
ငါ့ရင်ခွင်မှာ
ချစ်သူ့နားလည်မှု
သံစဉ်လေးနဲ့
ယိမ်းနွဲ့ကနေတဲ့
ချစ်သူ့ကြယ်စင်တွေ
လင်းလက်နေတဲ့ငါ့ဘဝ
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
အလင်းဖျော့ဖျော့ကြား
ကတ္ထီဘာခြုံကာထားတဲ့
အပြာရောင်
ရင်ခွင်ကျယ်ကြီး
တစ်ပြင်လုံး
စိန်ရောင်တဖိတ်ဖိတ်နဲ့
ကြယ်စင်တွေကတဲ့ည
အမှောင်ဆိုတာ
ရှိပါဦးမလား....ချစ်သူ...
လရောင်ဆမ်းတဲ့
ရင်ခွင်မှာ
ကြယ်စင်အပေါင်း
လေပြေသံစဉ်လေးနဲ့
ယိမ်းနွဲ့ကတဲ့ညဆို
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
မဟူရာရောင်
ငါ့ဘ၀အလင်းဖျော့ဖျော့ကြား
မျှော်လင့်ချက်တွေ
လမ်းပျောက်နေတဲ့
ငါ့ရင်ခွင်တစ်ခုလုံး
ကြင်နာရောင်တလက်လက်နဲ့
ချစ်သူ့ကြယ်စင်တွေကတဲ့ည
ငါ့ဘ၀တစ်ခုလုံးမှာ
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
ချစ်သူ့လရောင်
နမ်းရှိုက်မိတဲ့
ငါ့ရင်ခွင်မှာ
ချစ်သူ့နားလည်မှု
သံစဉ်လေးနဲ့
ယိမ်းနွဲ့ကနေတဲ့
ချစ်သူ့ကြယ်စင်တွေ
လင်းလက်နေတဲ့ငါ့ဘဝ
အမှောင်ဆိုတာ
ရှိပါဦးမလား...ချစ်သူ...
Snow Hninn
8.12.2013
my own poem *52*

No comments:
Post a Comment