ချစ်သူ…
ညနက်သန်းခေါင်
မြင်ယောင်မက်တဲ့
အိပ်မက်များကို
မက်မောတယ်…..
ချစ်သူ…
မင်းနဲ့ဆုံရာ
အိပ်မက်ကမ္ဘာ
နိုးမိမှာကို
စိုးမိတယ်…..
ချစ်သူ…
ဒီအိပ်မက်ကြောင့်
လက်တွေ့ကမ္ဘာ
ငါလှမ်းရမှာ
ခါခါငြင်းမိပြန်တော့တယ်…..
ချစ်သူ…
အိပ်မက်မြေမှ
စွန့်ခွာရမယ့်
အာရုဏ်မိုးလင်း
ပြင်းထန်မုန်းမိတယ်…..
ချစ်သူ…
…………………………….
Snow Hninn
24.2.2013
***အိပ်မက်တမ်းချင်း***
my own poem *8*
No comments:
Post a Comment