Wednesday, September 24, 2014

***မေ့ခက်လွမ်းချစ်ပင်***


ကံကြမ္မာကဆုံအောင်ဖန်တီးပေးလို့
မင်းနဲ့ငါကမ္ဘာတစ်ခုမှာဆုံခဲ့ပြီးပြီလေ….
ချစ်ရဲအောင် မင်းစိုက်ပေးလိုက်လို့
ငါနစ်နေအောင် ချစ်ခဲ့တယ်လေ…
ငါမင်းပေါ်ချစ်စိတ်တွေဆက်လက်ရှင်သန်နေလို့
ခုလည်းချစ်နေဆဲပဲလေ…
လွမ်းတတ်အောင်လည်း မင်းပျိုးခဲ့လို့
ငါလွမ်းလဲလွမ်းတတ် လွမ်းလဲလွမ်းရဲနေပြီလေ…
ဒါပေမယ့်….
ငါမလုပ်နိုင်တာတစ်ခုတော့ရှိတယ်…
မင်းကမေ့လိုက်ပါဆိုပြီး
လွယ်လွယ်ယူနုတ်သွားပေမယ့်
မင်းစွန့်သွားတဲ့ ဒီရင်ထဲ
ငါ မင်းကိုဘယ်လိုမေ့ပစ်ရမှာလဲ……………


Snow Hninn
24.2.2013
***မေ့ခက်လွမ်းချစ်ပင်***
my own poem *10*

No comments: