Thursday, September 25, 2014

***ကဗျာ နှင့် ငါ***

ကဗျာတေးသံ
ငါနှစ်သက်၏။
ကဗျာကာရန်
ငါခုန်မင်၏။
ကဗျာအလင်္ကာ
ငါရင့်မှာပွင့်၏။
ကဗျာပန်းမျိုး
ငါရင်မှာပျိုး၏။
ကဗျာရယ်သံ
ငါနားဝင်ချို၏။
ကဗျာရတနာ
ငါရင်မှာသန္ဓေတည်၏။
မြင်မြင်ကဗျာ
ငါကြင်နာမိ။
တွေ့တွေ့ကဗျာ
ငါပွေ့ဖက်မိ။
ကဗျာနှင့်ငါ
ငါနှင့်ကဗျာ
ဤကမ္ဘာတည်သရွှေ့
နှစ်ကိုယ့်တစ်စိတ်။
ကဗျာနှင့်ငါ
ငါနှင့်ကဗျာ
အစဉ်သာမခွဲပါ
ကမ္ဘာတည်လျက်ပါ။



Snow Hninn
26.7.2013
***ကဗျာနှင့်ငါ***
my own poem*31*

No comments: