Wednesday, September 24, 2014

***ဘာကြောင့်လဲ***

မဖြစ်နိုင်ဘူးဆိုတာသိသားနဲ့
ဘာကြောင့်တမ်းတနေတာလဲ...
မနီးစပ်နိုင်တော့ဘူးဆိုတာသိသားနဲ့
ဘာကြောင့်မျှော်လင့်နေတာလဲ...
မလွမ်းသင့်တော့ဘူးဆိုတာသိသားနဲ့
ဘာကြောင့်သတိရနေလဲ...
ခဏတာဆုံတွေ့ရပေမယ့်
နှလုံးသားမှာထာဝရအမြစ်တွယ်မိပါပြီ...
ဘာကြောင့်လဲ
အပြင်းစားဒဏ်ခတ်မှုတွေနဲ့
ငါဘာလို့ဆုံတွေ့နေရတာလဲ....
သေချာတာတစ်ခုကတော့
ငါ့နှလုံးသား
မင်းနောက်တစ်ကောက်ကောက်ပါသွားပြီဆိုတာပါပဲ...




Snow Hninn
19.2.2013
***ဘာကြောင့်လဲ***
my poem*5*

No comments: