Wednesday, September 24, 2014

***သူနှင့်သူ၏တမ်းတချစ်သူ***

သူ…သတိရရဲ့လား….
ငါ့မှာတော့ပြောမပြတတ်အောင်ပဲ…
သူ…တွေးမိရဲ့လား…
ငါ့မှာတော့စက္ကန့်မလပ်ပါပဲ…
သူ…၀မ်းနည်းနေသေးလား…
ငါ့မှာတော့တွေးမိတိုင်းမျက်ရည်ကျမိပေါ့…
သူ…ကြားယောင်မိသေးလား….
ငါမှာတော့နားထဲမှာအဆက်မပြတ်ပဲ…
သူ…အခုကော…
ငါမှာတော့ဒီကဗျာရေးရင်းလွမ်းနာကျနေပြီ…
သူ…မေ့ပစ်နိုင်ပြီလား…
ငါမှာတော့မေ့ပစ်မုန်းပစ်ဖို့ဆိုတာမဆိုင်သလိုပဲ…
သူ…ချစ်သေးရဲ့လား…
ငါမှာတော့အရမ်းအရမ်းချစ်နေဆဲပဲကွယ်…


Snow Hninn
17.2.2013
***သူနှင့်သူ၏တမ်းတချစ်သူ***
my poem *3*

No comments: